မိတ္ထီလာ၊ စက်တင်ဘာ ၂၄

ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များမှ မိမိတို့ကဏ္ဍအလိုက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ယမန်နေ့က ခရိုင်စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေး ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်  ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၁၆ဘဏ္ဍာရေးနှစ်အထိ တစ်နိုင်ငံလုံး ဝါစိုက်ဧက ()သိန်း စိုက်ပျိုးနိုင်ရေးနှင့် တစ်ဧကပျမ်းမျှအထွက်နှုန်း ပိဿာ(၅၀၀) ထွက်ရှိရေး၊ ဝါစိုက်တောင်သူများ အတွက် ဝါမျိုးစေ့လုံလောက်စွာရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနပိုင်ခြံများနှင့် မျိုးစေ့ထုတ်အကျိုးဆောင် တောင်သူအစုအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များမှ မိမိတို့ကဏ္ဍအလိုက် ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်အောင်မြင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင် ရေးအတွက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် Quick Win အစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၄၇၅ဧကနှင့် တိုင်းဒေသကြီးအစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါ အထူးဇုံစိုက်ဧက ၆၃၅ ဧကတို့ကို စိုက်ပျိုး ပြီးစီး ပြီဖြစ်ရာ  ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင်အနေဖြင့် ဝါမျိုးစုံစိုက်ဧက (၄၄၂၇၀) စိုက်ပျိုးနိုင်ရေး လျားထားဆောင်ရွက်လျက်ရှိရာမှ ယနေ့အထိ ဝါမျိုးစုံ စိုက်ဧက ၂၆၇၂၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)