ပဲခူး ၂၇ အောက်တိုဘာ
ပဲခူးမြို့တွင် ဖွဲ့စည်းထားသော WE LOVE BAGO Charity Oraganization (စုပေါင်းစွမ်းအား ကမ်းလက်များ) အဖွဲ့မှ ဦးဆောင်၍ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ပေါ်ရပ်ကွက် အသီးသီးရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၅၀ဝ၀)စု၏ မိသားစုဘဝများအဆင်ပြေရေး စားနပ်ရိက္ခာ ကူညီပေး အစီအစဉ်အရ ဆန်၊ ဆီနှင့် စားနပ်ရိက္ခာများကို ဒုတိယအကြိမ် လိုက်လံ လှူဒါန်းပေးကြကြောင်း သိရသည်။
WE LOVE BAGO Charity Oraganization (စုပေါင်းစွမ်းအား ကမ်းလက်များ)အဖွဲ့မှ ယနေ့ နံနက်ပိုင်း တွင် ပဲခူးမြို့ပေါ်ရှိ ဗိုလ်ကုန်းရပ်ကွက်၊ နန်းတော်ရာရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ မဇင်း ရပ်ကွက်တို့မှ အိမ်ထောင်စု (၉၀ဝ) အားလည်းကောင်း၊ ညနေပိုင်းအချိန်တွင် ရှင်စောပုရပ်ကွက်၊ ပုဏ္ဏားစု ရပ်ကွက်၊ ကျွန်းသာယာ ရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်တို့မှ အခြေခံလူတန်းစား အိမ်ထောင် စု(၉၀ဝ)စုအား လည်းကောင်း၊ ပေါင်း(၁၈၀ဝ)အား အဖွဲ့(၃)ဖွဲ့ ခွဲ၍ အိမ်ထောင်စု(၁)စုလျှင် ဆန်(၄)ပြည် (၁)အိတ်၊ ဆီ(၅၀)ဆယ်သားဘူး(၁)ဘူး၊ ဘဲဥ(၁၀)လုံး၊ ငါးပိထောင်းဘူး (၃)ဘူး၊ ပဲ(၅၀)ကျပ်သားတို့အား လိုက်လံ ထောက်ပံ့လှူဒါန်းပေးကြခြင်းဖြစ်ပြီး အိမ်ထောင်စု (၅၀ဝ၀)ပြည့်အောင် နောက်နေ့ များတွင်လည်း ကျန်ရှိနေသေးသည့် ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စုများအား လိုက်လံထောက်ပံ့ လှူဒါန်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။
WE LOVE BAGO Charity Oraganization (စုပေါင်းစွမ်းအား ကမ်းလက်များ)အဖွဲ့အနေဖြင့် ပထမအကြိမ်တွင် ပဲခူးမြို့ပေါ်ရပ်ကွက်အသီးသီးမှ အခြေခံ လူတန်းစား အိမ်ထောင်စု(၅၀ဝ၀)စုအား လှူဒါန်း ပေးဖြစ်ပြီး ယခုဒုတိယအကြိမ်တွင်လည်း အခြေခံ လူတန်းစား အိမ်ထောင်စု(၅၀ဝ၀)အား ထောက်ပံ့လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


