ရန်ကုန်၊   ၁ ဇန်နဝါရီ   

 

ရန်ကုန်တိုင်းဒေသကြီး  ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊အမှတ် (၁၂)ရပ်ကွက်၊ အမှတ် (၁၃)ရပ်ကွက်၊ အမှတ်(၁၅) ရပ်ကွက် များသို့ We Love Yangon ဥက္ကဋ္ဌ ဆရာမ ဒေါ်သန်းမြင့်အောင်၏ စီစဉ်မှုဖြင့် အလှူရှင် Wave Money ကိုယ်စား We Love Yangon (Hlaing)မှ ပုံမှန်ဝင်ငွေမရှိသော  အိမ်ထောင်စု (၅၆) စုကို ဒီဇင်ဘာ  ၃၁  ရက် နံနက်ပိုင်းက အခြေခံစားသောက်ကုန်များ အိမ်တိုင်ရာရောက်ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ လှူဒါန်းမှူများမှာ လှိုင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၅၆)စုအတွက် အိမ်ထောင်စု (၁)စုလျှင် ဆန်(၆)ပြည်၊ ဆီ ၅၀ ကျပ်သား၊ ငါး သေတ္တာ (၁၀)ဘူး၊ ခေါက်ဆွဲခြောက် အထုပ် (၃၀)၊ Royal- D အားဖြည့်အချိုရည် (၁၂)ဘူး၊ ကြက်သားမှုန့် တစ်ထုပ်တို့အား We Love Hlaing အဖွဲ့သားများမှ အိမ်တိုင်ရာရောက် သွားရောက်ပေးပို့လှူဒါန်းခဲ့ကြောင်း၊ ထို့အတူ လှိုင်မြို့ နယ်အတွင်းရှိ ရပ်ကွက်များ၏ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၄၄)စုတို့အား ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ရာ စုစုပေါင်း အိမ်ထောင်စု( ၁၀ဝ)ကို သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

 

ကြည်ဇေသော် (ပြန်/ဆက်)