၂၄ ဇူလိုင်

 

အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေရဲ့ လေပိုင်နက်အပေါ်ကို တရုတ်နဲ့ ရုရှားပူးတွဲ စစ်ရေးလေ့ကျင့်တဲ့ လေယာဉ်တစ်စင်း ရောက်ရှိလာတာနဲ့ပတ်သက်ပြီး တရုတ်က ဒီကနေ့ ခုခံကာကွယ် ပြောကြားလိုက်ပါတယ်။ 

 

လေယာဉ် A-50 နဲ့ ပူးတွဲလေယဉ်တစ်တို့ဟာ တောင်ကိုရီးယားပိုင်နက် ဒေါ့ဒိုကျွန်း လေပိုင်နက်ကို အင်္ဂါနေ့က ရောက်ရှိလာခဲ့ပါတယ်။ အဲဒီလေယဉ်ကို ကြားဖျက်နှောက်ယှက်ပြီး သတိပေးတဲ့အနေနဲ့ အချက် ၄၀ဝ နီးပါး ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။ အဲဒီ ဒေါ့ဒိုကျွန်းဟာ ဂျပန်နိုင်ငံကလည်း သူပိုင်ကျွန်းဖြစ်တယ်လို့ ပြောကြားထားပါတယ်။ 

 

တရုတ်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောခွင့်ရသူက A-50 လေယာဉ်လို့ နာမည်ထည့်မပြောပေမယ့် တရုတ်နဲ့ ရုရှားလေယာဉ်တွေက နိုင်ငံတကာဥပဒေကို လိုက်နာတယ်။ တခြားနိုင်ငံရဲ့ ဝေဟင်ပိုင်နက်ထဲ မဝင်ရောက်ဘူးလို့ ပြောကြားပါတယ်။ 

 

ရုရှားကလည်း သူ့ရဲ့ လေယာဉ် Tu-95 နှစ်စင်းနဲ့ တရုတ်လေယာဉ် H-6K နှစ်စင်းတို့ဟာ တခြားနိုင်ငံရဲ့ ဝေဟင်ပိုင်နက်ထဲကို ဝင်ရောက်မှုမရှိဘူး။ အရှေ့တရုတ်ပင်လယ်နဲ့ ဂျပန်ပင်လယ်ပြင်ပေါ်မှာ ပူးတွဲလေ့ကျင့်တာ သာဖြစ်တယ်။ 

 

တရုတ်နဲ့ ရုရှား နှစ်နိုင်ငံပူးတွဲစစ်ရေး လေ့ကျင့်မှုဟာ အာရှပစိဖိတ်ဒေသအတွင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ဒီလေ့ကျင့်ရေးဟာ နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲလေ့ကျင့် ရေးသာဖြစ်တယ်။ တခြားနိုင်ငံတွေကို ပစ်မှတ်ထားခြင်းမရှိဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ပြောပါတယ်။ 

 

MDN
ကိုးကား - AFP