ဂန့်ဂေါ ၁၀ ဩဂုတ်
ဖားကန့်မြို့နယ်၊ ဝှေ့ခါးကျေးရွာ၌ ဇူလိုင် ၂ ရက်နေ့က ဖြစ်ပွားခဲ့သော မြေပြိုမှုဖြစ်စဉ်တွင် ဂန့်ဂေါမြို့နယ်မှ ပါဝင်သူ(၈)ဦး၏ မိသားစုထံ ဂန့်ဂေါခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် မိသားစုနေထိုင်သည့် ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာ၊ မောက်ကျေးရွာနှင့် ဟံသာဝတီ ကျေးရွာများသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာမှတစ်ဦး၊ မောက်ကျေးရွာမှ ခြောက်ဦးနှင့် ဟံသာဝတီ ကျေးရွာမှတစ်ဦးတို့သည် မြေပြိုမှုတွင်ဖြစ်စဉ်တွင် သေဆုံးသွားသဖြင့် လူမှုဝန်ထမ်းဦးစီး ဌာနက ငွေကျပ် ၃၀ဝ၀ဝ နှင့် သဘင်အစည်းအရုံးမှ ငွေကျပ် ၅၀ဝ၀ဝ လူတစ်ဦးလျှင် စုစုပေါင်း ငွေကျပ် ၈၀ဝ၀ဝ တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နုနုဆွေ၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်လဲ့ရည်လှိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းမြင့်အောင် တို့က မြေပြိုမှုဖြစ်စဉ်တွင်ပါဝင်သူ(၈)ဦး၏ မိသားစုထံ ကိုယ်တိုင်သွားရောက် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)