ဝေါလေမြိုင် ၁၅ ဇွန်
ကရင်ပြည်နယ် ဝေါလေမြိုင်မြို့ရှိ တောင်သူများ မိုးစပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရန်အတွက် ဆင်းသုခ မိုးစပါး မျိုးသန့်မျိုးပွားမျိုးစေ့များကို ယနေ့ နံနက် ၉ နာရီက ဝေါလေမြိုင်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ဝေါလေမြိုင်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဝင်းနိုင်ဦးက ဒေသခံတောင်သူများအား ဆင်းသုခမိုးစပါး မျိုးသန့်မျိုးပွားမျိုးစေ့များ ဖြန့်ဝေပေးခြင်းဖြင့် ဒေသတွင်းမှာ မိုးစပါး မျိုးကောင်းမျိုးသန့်များကို တိုးတက်စိုက်ပျိုးနိုင်ခြင်း၊ စပါးအထွက်နှုန်း တိုးတက်လာနိုင်ခြင်း၊ အရည်အသွေးပြည့်ဝသော စပါးများရရှိနိုင်ခြင်း၊ စပါးဈေးကောင်းရနိုင်ခြင်းတို့ကြောင့် မျိုးစေ့များ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)


