ဝေါလေမြိုင်၊ ၅ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးသတိရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဝေါလေမြိုင်မြို့ရှိ ဈေးဆိုင်များနှင့် လူနေအိမ်များသို့ သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဝေါလေမြိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ ပူးပေါင်း၍ ဈေးဆိုင်များနှင့် နေအိမ်များသို့ သွားရောက်ပြီး မီးဖိုချောင်မီးသုံးစွဲမှုနှင့် လျှပ်စစ်မီးသုံးစွဲမှု အခြေအနေများစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကာကွယ်ရန်အတွက် မီးသတ်ဆေးဘူးများထားရှိမှု အခြေအနေများစစ်ဆေးခြင်း၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)


