ဝေါလေမြိုင်      ဩဂုတ် ၄

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရရှိသည့် ဦးစားပေး အုပ်စုများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အထက(ဝေါလေမြိုင်)တွင် ဩဂုတ် ၃ ရက် နံနက်ပိုင်းမှ စတင်၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

 

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် တပ်မတော် ဆေးတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။

 

ကာကွယ်ဆေးများထိုးနှံရာတွင် ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးခဲ့ရာ သံဃာတော် ကိုးပါး၊ အသက်(၆၅)နှစ်အထက် ၁၁ ဦး၊ ပရဟိတ သုံးဦး၊ နိုင်ငံ့ဝန်ထမ်း လေးဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု ခြောက်ဦးနှင့် ဈေးဆိုင်ရောင်းသူ ၃၁ ဦး စုစုပေါင်း ၆၄ ဦးအား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများ ကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်မျိုးသင်း(ပြန်/ဆက်)