ဝေါလေမြိုင်  ၁၇  ဇူလိုင်

 

ကရင်ပြည်နယ်၊ ဝေါလေမြိုင်မြို့နယ်တွင်  မိုးစပါးမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၈ နာရီက တောင်သူ ဦးစိန်ဝင်း စိုက်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ဝေါလေမြိုင်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဝင်းနိုင်ဦးက ဆင်းသုခ၊ လုံးသွယ်မွှေးနှင့် ခေါက်မလိ မျိုးစပါးများဟူ၍ စိုက်ကွက် ၃ ကွက် စမ်းသပ်စိုက်ပျိုးထားရှိပြီး အထွက်နှုန်း ကောင်းမွန်သော မျိုးစပါးများကို ဒေသခံတောင်သူများ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် စပါးအထွက်နှုန်းတိုးပြီး ဝင်ငွေပိုမိုရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

အဆိုပါ မိုးစပါးမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးခြင်းကို  ဝေါလေမြိုင်ဒေသရှိ တောင်သူများ ဒေသရာသီဉတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သော မျိုးစပါးများကို ရွေးချယ်စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

နိုင်မျိုးသင်း(ပြန်/ဆက်)