ဝေါလေမြိုင် ၉ အောက်တိုဘာ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့အတွင်းရှိ ကျေးလက်နေပြည်သူများ ကလေး အလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်သည့် အသိပညာများ သိရှိလာစေရန်နှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများအား သိရှိလာစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အူးဟူးထကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လော့်ခေါ်ကျေးရွာအုပ်စုစာရေး ဦးအောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာထောက်(၃) ဦးချစ်ကိုဦး က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြောသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းဝေဦးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော ကလေးအလုပ်သမား ပပျောက်ရေး အသိပညာရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နှင်းဝေဦး( ပြန်/ဆက်)


