ဝေါ၊ ၂၂ ဇွန်

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရွှေသီရိစံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ဝေါမြို့ အရှေ့ဘက်ကမ်းအောင်ချမ်းသာရပ်ကွက် သခင်လှမြိုင်လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဇွန်လဒုတိယပတ်က ရာခိုင်းနှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါလမ်းမှာ အရှည် ၈၄၅ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိပြီး ကုန်ကျငွေမှာ ကျပ်သန်း (၂၀.၆၄) ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)