ဝေါ ၃ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပြည်သူ့ဆေးရုံမှ စက်တင်ဘာ ၂၉ ရက်က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(NHL) ရန်ကုန်မြို့သို့ ပေးပို့ခဲ့သည့် swab နမူနာများတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး Closed Contact (၂) ဦးအား ဝေါမြို့ ချမ်းမြသာစည် ရပ်ကွက်ရှိ မူလွန်ကျောင်းတွင် Facility Quarantine ထားရှိခဲ့ပြီးနောက် အောက်တိုဘာ ၁ ရက်က သက်ဆိုင်ရာ Facility Quarantine မှ သွားရောက်ခေါ်ယူပြီး ဝေါမြို့ပြည်သူ့ဆေးရုံ၌ ကုသပေးလျက် ရှိသည်။
ဝေါမြို့နယ်မှ ပိုးတွေ့လူနာ ၂ ဦးနှင့် ထိတွေ့မှုရှိခဲ့သည့် ဝေါမြို့နယ်၊ ချမ်းမြသာစည်ကွက်သစ်၊ ဆရာစံ-၂ လမ်းနေ (၂၉ နှစ်)အရွယ် အမျိုးသားသည် မော၊ ရင်ကြပ်၊ အသက်ရှူမဝဖြစ်၍ ဝေါမြို့နယ်ဆေးရုံသို့ အောက်တိုဘာ ၂ ရက်က လာရောက်ပြသခဲ့ရာ သွေးပေါင်ချိန် စမ်းသပ်မရဘဲ သွေးလန့်သောလက္ခဏာများရှိနေသဖြင့် တာဝန်ကျ ဆရာဝန်/ သူနာပြု၊ ဝန်ထမ်းများက အသက်ကယ်ဆယ်နိုင်ရေး ကြိုးစားကုသပေးခဲ့သော်လည်း ယင်းနေ့ နံနက် ၄ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးပြီးနောက်မှ လူနာမှာ ပိုးတွေ့သူ ၂ ဦးနှင့် တစ်ရက်ခန့် ထိတွေ့မှုရှိခဲ့ကြောင်း သိရသဖြင့် ဆရာဝန်တစ်ဦး၊ အထက်တန်းသူနာပြု တစ်ဦး၊ သူနာပြု တစ်ဦး၊ ဝန်ထမ်း နှစ်ဦး၊ စုစုပေါင်း (၅)ဦး တို့အား Hospital Quarantine ထားရှိ၍ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသေဆုံးသူနှင့် အနီးကပ်ထိတွေ့ခဲ့သူများအားလည်း Swab ယူ စစ်ဆေးသွားရန် စီစဉ် လျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)