ဝေါ ၃၀  ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဝေါမြို့နယ်အတွင်းရှိ ကျောင်းစာကြည့် တိုက်(၈)တိုက်အတွက် သုတ/ရသစာအုပ်များပေးအပ်လှူဒါန်းပွဲကို ဝေါမြို့နယ် ပညာရေးမှူးရုံးတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

mdn

 

အဆိုပါ သုတရသစာအုပ်စာပေလှူဒါန်းပွဲတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦး‌အောင်မြတ်လင်း၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိုး၊အတွင်းရေးမှူး ဦးဘိုညီဟိန်း၊ ဘဏ္ဍာရေးမှူး ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များက ဝေါမြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက် (၈)တိုက်အတွက် ကျောင်းစာကြည့်တိုက်တစ်တိုက်လျှင် သုတရသစာအုပ်(၈၅)အုပ်အား ပေးအပ် လှူဒါန်းရာ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးဝင်းလွင်နှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများထံသို့ သုတရသစာအုပ်ပေါင်း  ၆၈၀  အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အောင်မြတ်လင်း (ပြန်/ဆက်)