ဝေါ သြဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့ အလှူရှင်များစုပေါင်းလှူဒါန်းငွေဖြင့် ဝယ်ယူထားသော အောက်ဆီဂျင် ၂၀ လီတာအိုး ၂၅ လုံးနှင့် flow meter ၂၅ ခုအား ဆေးရုံတက်ရောက်သည့် အောက်ဆီဂျင် လိုအပ်သောလူနာများ အသုံးပြုနိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများက ယနေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်ဆရာဝန် ဒေါက်တာမောင်မောင်မျိုးသိန်းထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)


