ဝေါ ဇူလိုင် ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၄၇/၂၀၂၁ အရ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုပိတ်သိမ်းခြင်းကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ရဲစခန်း ဓမ္မာရုံ၌ ဇူလိုင် ၂၂ ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။
ဝေါမြို့နယ် ရဲစခန်းအချုပ်ထောင်မှ အမှုပိတ်သိမ်း၍ လွတ်ငြိမ်းချမ်းသာခွင့်ရ အမျိုးသား သုံးဦးအား ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဝင်းမော်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ဌေးတို့က ဩဝါဒစကားနှင့် အမှုပိတ်သိမ်း၍ လွှတ်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး၊ ပြစ်မှုဆိုင်ရာ အမှုများအား ပိတ်သိမ်းခြင်းကြောင့် လွတ်မြောက်သွားသော အချုပ်သား သုံးဦးအား မြို့နယ်ရဲတပ်ဖွဲ့ဝင်များက လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


