ဝေါ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ ရှောင်ရန်များအား ဇူလိုင် ၄ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းသို့ လိုက်လံကြေညာပေးလျက်ရှိသည်။

 

ထိုသို့ လိုက်လံကြေညာရာတွင် ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ ဦး ရှိနေပြီဖြစ်ကြောင်းနှင့် ထိစပ်လျက်ရှိသော မြို့နယ်များတွင်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ရှိနေသည့်အတွက် မိမိတို့မြို့နယ်အတွင်းသို့ မကူးစက်စေရန် အထူးဂရုပြု သွားလာနေထိုင်ကြရန်၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ဘဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် စသည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်းအသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်မြတ်လင်း (ပြန်/ဆက်)