ဝေါ ဇူလိုင် ၇

 

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အရန်သားဖွားဆရာမများ လုပ်ငန်းခွင်စွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားစေရေးအတွက် လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၆ ရက်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဆုဝေကျော်က အရန်သားဖွားဆရာမများ၏ တာဝန်နှင့်ဝတ္တရားများအကြောင်းကို ဆွေးနွေးပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဦးစန်းအောင်က ကာကွယ်ဆေးထိုးလုပ်ငန်းများအကြောင်းကို ဆွေးနွေးသည်။

 

အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အရန်သားဖွားဆရာမ ၃၃ ဦးအား ဇူလိုင် ၇ ရက်မှ ၁၀ ရက်အထိ ငါးရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)