ဝေါ မေ ၁၂

 

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာနှစ် စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂ဝ၂၆ ခုနှစ် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ကျင်းပသည်။

 

ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းတာဝန်ခံ ဒေါ်ညိုညိုမင်း က စိုက်ပျိုးစရိတ်ချေးငွေများ၏ စည်းကမ်းသတ်မှတ်ချက်များနှင့် လယ်ယာသုံး စက်ကိရိယာချေးငွေထုတ်ချေးပေးနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ အထွေထွေ မန်နေဂျာနှင့်တာဝန်ရှိသူများက ၂၀၂၆ခုနှစ် မိုးရာသီချေးငွေများကို ကျေးရွာအုပ်စုအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အာကာ (ပြန်/ဆက်)