ဝေါ မေ ၁၁
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က လုပ်ငန်းစီမံကိန်းများ၏ ရင်းနှီးမြှုပ်နှံမှုလျာထားချက်များအပေါ် ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက မြို့နယ်ဌာနဆိုင်ရာများသို့ ဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အာကာ (ပြန်/ဆက်)


