ဝေါ   ၂၈  ဇန်နဝါရီ  

 

အခြေခံပညာကျောင်းသားကျောင်းသူများ  အသိပညာဖွံ့ဖြိုးပြီး စိတ်ဓာတ်ခွန်အားမြင့်မားစေရန်နှင့် စာဖတ်ရှိန် မြင့်မားစေရန်အတွက် အသိပညာပေးစာပေဟောပြောပွဲကို ဇန်နဝါရီ ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ဘုရားပျိုကျေးရွာ အထက၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် တိုင်းဒေသကြီးစာကြည့်တိုက်များ ဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးကျော်မင်းနိုင်က စာကြည့်တိုက်များ ဖွံ့ဖြိုးရေး၊ ကလေးများ စာဖတ်ခြင်းအကျိုးကိုလည်းကောင်း၊ စာရေးဆရာ ဘုန်းဇော်မိုးဥဿာ (စာပေစေတမန်)က''လူမွန်လူကောင်း''ခေါင်းစဉ်ဖြင့် လူငယ်စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး ၊ စာဖတ်ရှိန် မြင့်မား ရေးတို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ကြပြီး ပဲခူးမြို့နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကိုကျော်ဝဏ္ဏက လူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်ဖွယ်ကဗျာများကိုရွတ်ဆိုကာ ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။ 

 

ဟောပြောပွဲသို့ လက်ထောက်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ၊ ၇တန်း၊ ၈တန်း၊ ၉တန်း၊ ၁၀ တန်းကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

 

နေလင်း(ညောင်လေးပင်)