နေပြည်တော်၊ အောက်တိုဘာ ၂

ဝေါမြို့နယ်နှင့် ကျောက်ဆည်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၃၀ ရက် နံနက် ၅ နာရီ ၁၀ မိနစ်တွင် ဝေါမြို့နယ် ညောင်ခါးရှည် ကျေးရွာအုပ်စု ညောင်ခါးရှည်ကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မောင်ဇော်ဝင်းထံမှ အိုက်စ် ၅ ကီလိုကို သိမ်းဆည်းရမိခဲ့သည်။ 

အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိ မ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့ အောက်ချိုင်းရပ်ကွက် စည်ပင်လမ်း ရထားသံလမ်းအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ အေးမင်းသူအား စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်