ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁၀) ဦးတွေ့ရှိ

ဝေါ အောက်တိုဘာ ၁၆

 

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းအထိ မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ Test Kit (RDT) ဖြင့် ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေး ဝန်ထမ်းများမှ အဖွဲ့များခွဲ၍ ဝေါမြို့ပြည်သူ့ဆေးရုံဟောင်း၊ မြစ်ကျိုတိုက်နယ်ဆေးရုံ၊ သူရဲသမိန် တိုက်နယ်ဆေးရုံ၊ ကျေးရွာအုပ်စု () အုပ်စုတို့ရှိ အနံ့ပျောက် သံသယရှိသူ လူနာ (၃၀၇) ဦးအား Test Kit (RDT) ဖြင့် စစ်ဆေးခဲ့ရာ မြစ်ကျိုးကျေးရွာမှ () ဦး၊ ဂွေ့ကြီးကျေးရွာမှ () ဦး၊ ဖိုးဦးစိန်ကျေးရွာမှ () ဦး ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအသစ် (၁၀) ဦး ထပ်မံတွေ့ရှိခဲ့သည်။

 

ယနေ့ထိ ဝေါမြို့နယ်တွင် ပိုးတွေ့သူ စုစုပေါင်း (၁၇၀၂) ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရသူ (၁၅၅၀) ဦး၊ အခြားမြို့နယ်ပြောင်းရွှေ့ () ဦး၊ ဝေါမြို့နယ်အတွင်း ပိုးတွေ့လူနာ စုစုပေါင်း ဆေးရုံလက်ကျန်လူနာ (၃၀) ဦးနှင့် ယနေ့ထိ သေဆုံးသူစုစုပေါင်း (၁၁၇) ဦးရှိကြောင်း ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်မြတ်လင်း (ပြန်/ဆက်)