ဝေါ ၃ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ ပြန်လည်ကျန်းမာလာသူ ၃ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်းသိရသည်။
အဆိုပါ ဆေးရုံမှပြန်လည်ဆင်းခွင့်ရသူ ၃ ဦးမှာ လက်ပန်ကျေးရွာ အ.ထ.က(ခွဲ) Quarantine Centre မှတစ်ဦးနှင့် ကန်တော်ရပ်ကွက် အ.လ.က(ခွဲ) Quarantine Centre မှ နှစ်ဦးဖြစ်ပြီး ၄င်းတို့အား မိမိနေအိမ်တွင် (၇)ရက်နေထိုင်ရန် မှာကြား၍ လိုအပ်သည့် ဆေးဝါးများနှင့် အာဟာရများ ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်ထံမှ သိရသည်။
ယနေ့အထိ ဝေါမြို့နယ်အတွင်း ပိုးတွေ့လူနာ(၁၈)ဦးရှိ၍ သက်သာပျောက်ကင်းလာသူ ၈ ဦးရှိကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်၊ဆက်)


