ဝေါ ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူများအား ကုသပေးလျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင်၂၉ ရက်က ဝေါမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် ကော်မတီဝင်များက ကျန်းမာရေးဝန်ထမ်းတစ်ဦးလျှင် ဆန်လေးပြည်၊ ကြက်ဉ ၁၀ လုံးဖြင့် ကျန်းမာရေးဝန်ထမ်း ၄၆ ဦးအား ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


