ဝေါ၊ ၁၅ ဇွန်

 

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ဇွန် ၁၅ ရက် နံနက် နာရီက ဝေါမြို့ အေးချမ်းသာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဝင်းမော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဗိုလ်မှူးမျိုးဝင်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

အဆိုပါပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးရဲထွန်းမြင့်တို့က လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း နည်းလမ်းများဖြင့် အသက် (၁၆ နှစ်မှ ၁၈နှစ်ထိ) နှင့် (၁၈ နှစ်မှ အထက်)ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် အေးချမ်းသာယာရပ်ကွက်အတွင်းရှိ အသက်(၁၆ နှစ်မှ ၁၈နှစ်ထိ) (၃၄)ဦး(၁၈ နှစ်မှ အထက်) (၈၅)ဦး စုစုပေါင်း (၁၁၉)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများ အသီးသီးပေးအပ်ခဲ့သည်။

 

ဝေါမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် မေ ၃ ရက်မှစတင်ကာ မြေပြင်ရှိ အသက်(၁၈)နှစ်ပြည့် လူဦးရေ (၅၂၄၈)ဦးခန့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀)အုပ်စုတွင် လူဦးရေ (၆၅၄) ဦးအား ဆောင်ရွက်ပြီးခဲ့ပြီး (၄၅၉၄)ဦးအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲထွန်းမြင့်ထံမှ သိရသည်။

 

အောင်မြတ်လင်း (ပြန်/ဆက်)