ဝေါ ဇွန် ၁၇

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၃၈ ဒသမ ၂၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ဝေါမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၃)ခု၌ ကျောင်းသား၊ ကျောင်းသူ (၇၅၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၂၈၉)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၃၈ ဒသမ ၂၃ ရာခိုင်နှုန်းရှိကာ  (၁) ဘာသာဂုဏ်ထူး(၁၀၈)ဦး၊ (၂)ဘာသာဂုဏ်ထူး(၉)ဦး၊ (၃)ဘာသာဂုဏ်ထူး(၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၁၉)ဦး ဂုဏ်ထူးရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုးမိုး(ပြန်/ဆက်)