၂၇ ဩဂုတ်
လူမည်း အမျိုးသားကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက်ပိုင်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့နေသည့် ဝီလ်ကွန်ဆင်းပြည်နယ်သို့ ရဲတပ်ဖွဲ့ဝင်များ စေလွှတ်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ကိုနိုရှာမြို့၌ တနင်္ဂနွေနေ့က လူမည်း အမျိုးသား ဖြစ်သူ၏ နောက်ကျောကို သေနတ်ဖြင့် ခုနှစ်ကြိမ် ပစ်ခတ်ခဲ့သဖြင့် လူမည်းအမျိုးသားဖြစ်သူ ဂျိုကိုဘလိပ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ရဲတပ်ဖွဲ့ ဆန့်ကျင်ရေး ဆန္ဒပြမှုများသူများနှင့် ရဲများသည် ညဘက်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
အမေရိကန်ပြည်ထောင်စုရှိ လမ်းများပေါ်တွင် လုယက်ခြင်း၊ မီးရှို့ခြင်း၊ အကြမ်းဖက်ခြင်းနှင့် မတရားမှုများကို မိမိအနေဖြင့် ထောက်ခံမည် မဟုတ်ကြောင်း ထရမ့်က တွစ်တာပေါ်တွင် ဗုဒ္ဓဟူးနေ့က ရေးသားဖော်ပြခဲ့သည်။
ဉပဒေနှင့်အမိန့် ပြန်လည်စိုးမိုးရန် အမျိုးသား အစောင့်တပ်ဖွဲ့ကို ကိုနိုရှာမြို့သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။
ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရသူ ဂျိုးဘိုင်ဒင်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဒုသမ္မတအဖြစ် လျာထားခံရသူ ကယ်မီလာဟားတို့က ဘလိပ်၏ မိသားစုနှင့် တွေ့ဆုံပြီး ဝမ်းနည်းစကား ဆိုခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
အကြမ်းဖက်မှုနှင့် လူမျိုးရေး ခွဲခြားမှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့ပြီး၊ ရဲတပ်ဖွဲ့မှ မည်သည့် လူမျိုးများကိုမဆို ဖမ်းဆီးနှိပ်စက်သည့် ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရန်လိုကြောင်း ဘိုင်ဒန် တောင်းဆိုခဲ့သည်။
သောကြာနေ့တွင် ဝါရှင်တန်တွင် ပြုလုပ်မည့် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ဆန္ဒပြပွဲတွင် ဘလိပ်၏ ဖခင်လည်း ပါဝင်မည်ဟု မျှော်လင့်ရသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်