မိုင်းယောင်း ၂၅ ဒီဇင်ဘာ

မြန်မာပြည် အရှေ့ဘက်အစွန်ဆုံးမြို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်တွင် တည်ထားပူဇော်တော်မူသော ဝိဇယာရာမ ရွှေစည်းခုံပုံတူ စေတီတော်မြတ်၏ ရွှေထီးတော်ကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက လှည့်လည်အပူဇော်ခံခဲ့သည်။

အဆိုပါစေတီတော်ကို ဒီဇင်ဘာ ၂၆ ရက် နံနက် နာရီတွင် ရွှေထီးတော်တင်၊ ၂၇ ရက် နံနက် နာရီတွင် ငှက်မြတ်နားတော်၊ စိန်ဖူးတော်၊ အထွဋ်တင်၊ အရံစေတီထီးတော်တင်နှင့် ရွှေပန်းခိုင်စိုက်ထူပူဇော်ခြင်းနှင့် ညနေ နာရီတွင် နိဗ္ဗာန်ဈေးဖွင့်လှစ်ခြင်းတို့ ကျင်းပသွားမည်ဖြစ်ကာ ၂၈ ရက် နံနက် နာရီတွင် ရေစက်ချအခမ်းအနားနှင့် သံဃာဒါန ဆွမ်းဆန်စိမ်း လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)