ဒီကနေ့ခေတ်မှာ ကိုယ်အလေးချိန် လျှော့ချဖို့ဆိုတဲ့ ကိစ္စက လူတိုင်းနီးပါး တွေးနေကြတဲ့ ကိစ္စတစ်ခုပါ။ သာမန် ကိုယ်အလေးချိန်ရှိတဲ့လူကနေစလို့ အဝလွန်နေတဲ့လူတွေအထိ ဝိတ်ချမယ်၊ ကိုယ်အလေးချိန် ချမယ်ဆိုပြီး ဆက်တိုက်ပြောနေတတ်ကြတယ်မဟုတ်လား။

 

Gym တွေသွားမယ်၊ Diet တွေလုပ်မယ်၊ အချိုတွေရှောင်မယ်၊ စသဖြင့် ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေနဲ့ ဝိတ်ချတတ်ကြပေမယ့် တကယ်တမ်းအောင်မြင်သွားတဲ့လူတွေကတော့ လူ ၁၀ ဦးမှာ ၁ ဦးနှုန်းပဲရှိပါတယ်တဲ့။

 

ဒီမှာ မေးစရာရှိလာတာက ဝိတ်ချရတာ ဒီလောက်တောင် ခက်သလား။ ဒါမှမဟုတ် ဘာကြောင့် ဝိတ်ချရခက်နေကြတာလဲ။

 

တကယ်တော့ ဝိတ်ချရတာမခက်ပါဘူး။ လိုက်နာသင့်တာတွေကို လိုက်နာပြီး ရှောင်သင့်တာတွေကို ရှောင်မယ်ဆိုရင် ဝိတ်ချတာက တကယ်လွယ်ကူတဲ့ကိစ္စဖြစ်ပါတယ်။ ပြဿနာက လူ့စိတ်ပါပဲ။ ရေရှည် အစီအမံထားပဲ ကြုံသလို ဝိတ်ချကြတဲ့အခါ ကျတဲ့အချိန်မှာ အတင်းကာရော ပိန်သွားတတ်ပေမယ့် အချိန်တန်တော့ ပြန်ပြီး ကိုယ်အလေးချိန်တက်လာတာမျိုး ကြုံဆုံရပါတော့တယ်။

 

ဒီလိုမဖြစ်ချင်ဘူး၊ စနစ်တကျနဲ့ ဝိတ်ချချင်တယ်ဆိုတဲ့ သူတွေလည်း ရှိကြဦးမှာပါ။ ဒါဆိုရင်တော့ အခုပြောပြမယ့် Do’s & Don’ts တွေကို လိုက်နာကြည့်ပါ။ ကိုယ့်ရဲ့ ကိုယ်အလေးချိန်လျှော့ချရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံး ထူးခြားတာကို မြင်ရပါလိမ့်မယ်။

 

ဝိတ်ချမယ့် ကိုကိုမမတွေအတွက် Do’s & Don’ts များ

 

•           Don’t: ဗိုက်ကို အလိုမလိုက်ပါနဲ့

•           Do: သန့်စင်ပြီး ကျန်းမာစေမယ့် အစားအစာတွေကိုသာ ပုံမှန်စားပါ

•           Don’t: အရက်အလွန်အကျွံမသောက်ပါနဲ့

•           Do: ရေများများသောက်ပါ

•           Don’t: ရေတိုကာလတို မလုပ်ပါနဲ့၊

•           Do: အစားအသောက်အတွက် စနစ်ကျတဲ့ အစီအစဉ်ချမှတ်ပြီး သေချာစားသောက်ပါ

•           Don’t: စိတ်ကိုအလိုလိုက်ပြီး လျှောက်မစားပါနဲ့

•           Do: စိတ်အားထက်သန်ပါစေ၊ စိတ်ဓာတ် သန်မာပါစေ

•           Don’t: လေ့ကျင့်ခန်းတွေ အလွန်အကျွံမလုပ်ပါနဲ့

•           Do: ကိုယ်နှစ်သက်ရာ လေ့ကျင့်ခန်းမျိုး ရွေးချယ်ပြီး ပုံမှန် ပြုလုပ်ပါ

•           Don’t: BMI score တွေကိုကြည့်ပြီး စိတ်ဓာတ်ကျမနေပါနဲ့

•           Do: ကိုယ်အလေးချိန်အခြေအနေကို ပုံမှန် စစ်ဆေးပါ

•           Don’t: Diet pills တွေ မသုံးပါနဲ့။

 

ခုဖော်ပြခဲ့တဲ့အချက်တွေဟာ ကိုယ်အလေးချိန်လျှော့ချမယ့် ကိုကိုတွေ မမတွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။ ဒီ Do’s & Don’ts တွေကို လိုက်နာမယ်ဆိုရင် ရေရှည်မှာ အကျိုးရှိမှာဖြစ်ပြီးတော့ ထိရောက်တဲ့ ကိုယ်အလေးချိန်လျှော့ချမှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”

 

ရေးသားသူ Ye Zon Aung

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win