ဝိုင်းမော် - ဆဒုံး - ကန်ပိုင်တီလမ်း၊ တံတားအမှတ် ၄/၃၂ အရှည်(၁၇၀)ပေ သုံးလွှာ နှစ်ထပ် ဘေလီတံတား တွင် ဒီဇင်ဘာ ၁၄ ရက်က ၁၂ ဘီးယာဉ် ဖြတ်သန်းစဉ် ယာဉ်အလေးချိန် ခံနိုင်မှုမရှိဘဲ ကျိုးကျမှု ဖြစ်ပေါ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်ခဲ့ရသော အဆိုပါတံတားတွင်  ယခုအခါ ယာယီလမ်းလွှဲပြုလုပ်ပြီး H 20 သံဘောင်ဖြင့် တံတားတည်ဆောက်ပြီးဖြစ်၍ ဖြစ်သဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ၁၃ တန်နှင့်အောက် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကချင်ပြည်နယ်  ဆဒုံးမြို့နယ်အတွင်းရှိ ဝိုင်းမော်-ဆဒုံးကားလမ်းမကြီး မိုင်တိုင်အမှတ် (၃၂/၃၃) မိုင်ကြားရှိ လန်နရေတံခွန်အနီး ဘေလီတံတား ဒီဇင်ဘာ ၁၄ ရက် နံနက်(၁၁)နာရီခွဲခန့်က သံသတ္တုများ တင်ဆောင်လာသည့် ၁၂ ဘီး ယာဉ်တစ်စီး ဖြတ်သန်းစဉ် ယာဉ်အလေးချိန် ခံနိုင်မှုမရှိဘဲ တံတားအလယ်မှ ကျိုးကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

 

 

MDN