ဝိုင်းမော်  ဒီဇင်ဘာ  ၁၄

 

ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၁ ခုနှစ် (၆)လတာ ဘဏ္ဍာရေးနှစ်အတွက် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၈ နာရီက ဝိုင်းမော်မြို့ ရပ်ကွက်(၁)ရှိ ဧရာဝတီမြစ်ဆိပ်တွင် ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ ငါးမျိုးစိုက်ထည့်ရာတွင် ငါးသံယံဇာတပေါများစေရန်နှင့် ငါးထုတ်လုပ်မူကို တိုးတက်မြင့်မားစေရန် အတွက် မြစ်ကြီးနားခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းဟန်၊ ဝိုင်းမော် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းနှင့် ဝိုင်းမော်မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဌာနတွင်းဝန်ထမ်းများ တက်ရောက်ပြီး နှစ်လက်မအရွယ် ငါးမြစ်ခြင်းနှင့် ငါးခုံးမကြီး သားပေါက်ကောင်ရေ (၂၀၀၀၀၀) ကောင်အား ဧရာဝတီမြစ်အတွင်း စိုက်ထည့်ခဲ့ ကြောင်း သိရသည်။

ဝိုင်းမော်(ပြန်/ဆက်)