နေပြည်တော် ၂၁ ဖေဖော်ဝါရီ
မူးယစ်တပ်ဖွဲ့စု(၂) မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာနေ ကျော်နိုင်နှင့် မအေးခွန်တို့၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ၊ ဘိန်းဖြူ ၁၈၇ ဂရမ်နှင့် ငွေ ၆၅၀ဝ ကျပ်တို့ကိုလည်းကောင်း၊ အလားတူ မူးယစ်တပ်ဖွဲ့စု(၁) ဗန်းမော်မှတပ်ဖွဲ့ဝင်များသည် မိုးမောက်မြို့နယ်၊ ကျောက်စခန်းစစ်ဆေးရေးစခန်းတွင် အင်ယော်နော်ရိန် (ခ) နော်ရိန် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၉၁၃ ဂရမ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း။
အလားတူ ယနေ့နံနက် ၂ နာရီက မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး (မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် ကျောက်ချောစစ်ဆေးရေး စခန်းတွင် ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ခရီးသည် ဝိုင်းအုံချစ် (ခ) ကိုအိုင်းအနီးမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၀ ၊ ဘိန်းဖြူ ၉ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကိုရဲ)