နေပြည်တော်၊ ၆ ဒီဇင်ဘာ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၅ ရက် ညနေ ၅ နာရီခွဲတွင် ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအုပ်စု၊ ဂေါ်ဆက်ယန်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ငွါးလေး အား စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၇ ဒသမ ၅ ကီလိုကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းကျေးရွာနေ ခင်မောင်ချို(ခ)အာနီ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၁၇၉ ၊ အိုက်စ် သုည ဒသမ ၀၀၅ ကီလို၊ ဆေးခြောက် သုည ဒသမ ၀၁၅ ကီလိုနှင့် ဘိန်းစာမှုန့် ၄၀ ဒသမ ၉ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)