ဝါးခယ်မ နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စား သောက်ကုန်များတွင် ဓာတုဆိုးဆေးများ ပါဝင်ခြင်း ရှိ/မရှိကို နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက စစ်ဆေးခဲ့ရာ ဈေးဆိုင် သုံးဆိုင်တွင် ဓာတုဆိုးဆေးပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းထက်၊ မြို့နယ်စားသုံးသူရေးရာဦးစီးမှူး ဦးအောင်မိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မိုးနောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးလှဝင်းတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးရာ ဆိုင်သုံးဆိုင်၌ ရောင်းချသော ငပိများတွင် ဓာတုဆိုးဆေးများပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် မြို့မဈေး တာဝန်ခံရုံးတွင် ဒေါက်တာဝင်းထက် ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က အဆိုပါ ဈေးရောင်းချသူ သုံးဦးအား ခေါ်ယူတွေ့ဆုံ၍ အသိပညာပေးခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)


