ဝါးခယ်မ   ဒီဇင်ဘာ   ၁၈

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ‌ကျုံထရိတ် ကျေးရွာအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်များ ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ ကျုံထရိတ်ကျေးရွာအုပ်စု ရှိ ပြည်သူများအား အသက် ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် ၇၀၊ အသက် ၁၈ နှစ်ပြည့် ၇၇ ဦး၊ လဲလှယ် ၁၈ ဦး စုစုပေါင်း ၁၆၅ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)