ဝါးခယ်မ   ဇန်နဝါရီ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် Clean City, Green City, Smart City ဖြစ်လာစေရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် မြို့အဝင်လမ်းမကြီးတစ်လျှောက် အမှိုက်ကောက်ခြင်းကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦး‌ဆောင်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများ စုစုပေါင်းအင်အား ၈၀ ဖြင့် မြို့အဝင်လမ်းမကြီးတစ်လျှောက် စုပေါင်းအမှိုက်ကောက်ခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်း၊ အမှိုက်များ စနစ်တကျ သယ်ယူစွန့်ပစ်ပေးခြင်းများ စုပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)