ဝါးခယ်မ နိုဝင်ဘာ ၂၂
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုဝင်ဘာ ၂၁ ရက် နံနက်(၈)နာရီက ရှောက်ချောင်းကျေးရွာအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ ရှောက်ချောင်းကျေးရွာ အုပ်စု ရှိ ကျေးရွာနေ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ် အသက် (၁၀) နှစ်ပြည့် (၃၇)ဦး၊ အသက် (၁၈)နှစ်ပြည့် (၂၉)ဦး၊မိတ္တူ(၂)ဦး၊လဲလှယ်(၃)ဦး စုစုပေါင်း(၇၁)ဦး တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)


