ဝါးခယ်မ၊ ၁၇ ဒီဇင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် သမဝါယမအသင်းစုက အသင်းသားတောင်သူများထံမှ မိုးစပါးများကို ဒေသပေါက်ဈေးဖြင့် ဝယ်ယူ၍ သိုလှောင်ခြင်း၊ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို No Profit , No Loss မူနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သို့ဖြစ်၍ ဝါးခယ်မမြို့နယ်ရှိ ဦးကြီးဒေါ် ကျေးရွာတွင် စပါးအဝယ်ဒိုင် ဖွင့်လှစ်၍ ဒီဇင်ဘာ ၁၆ ရက်အထိ ပေါ်ဆန်းယဉ်စပါးနှင့် ဧည့်မထစပါး တင်းပေါင်း(၁၁၀၀၀)၊ တန်ဖိုးအားဖြင့် စုစုပေါင်း ငွေကျပ်(၇၆ ဒသမ ၈)သန်းဖိုး ဝယ်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

MDN