ဝါးခယ်မ  ၇  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ ခုတ်မောင်း ပြေးဆွဲလျက်ရှိသော ရေယာဉ်လိုင်းများ နှစ်သစ်ကူးရုံးပိတ်ရက် ခေတ္တရပ်နားမည်ဖြစ်ကြောင်း သိရသည်။

 

5057

 

"ရေယာဉ်လိုင်းတွေအနေနဲ့ နှစ်သစ်ကူးရုံးပိတ်ရက် ခေတ္တ နားတာပါ။ ဒီလ ၁၀ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ရပ်နားသွားမှာဖြစ်တယ်။ အဲ့နောက်ပိုင်းတော့ ပုံမှန်ပြေးဆွဲသွားမှာပါ။ ရပ်နားတာလည်း နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်တာဖြစ်တယ်။ အဲ့ရက်တွေက ခရီးသွားတာလည်း နည်းတဲ့အချိန်ဖြစ်တယ် " ဟု မြို့နယ်ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦဇော်မင်းက ပြောသည်။

 

အဆိုပါ ရေယာဉ်လိုင်းများသည် ဝါးခယ်မမြို့နယ်အတွင်း စပါးရို၊ မြဂိုးလေး၊ ဆူးတွင်း၊ ကနစိုးကုန်း၊ သာယာကုန်း၊ စံအိပ် စသည့် ကျေးရွာများအပြင်  ကျေးရွာအုပ်စု အသီးသီးသို့ ခုတ်မောင်းပြေးဆွဲနေသာ ရေယာဉ်လိုင်းများဖြစ်ပြီး ရေယာဉ်လိုင်း စုစုပေါင်း ၆၀ ကျော်ရှိကြောင်း သိရသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)