ဝါးခယ်မ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဇီဝဗေဒဘာသာရပ်နှင့်‌ ဘောဂ‌ဗေဒဘာသာရပ်တို့ကို ယနေ့နံနက် ၉ နာရီတွင် ကျောင်းသားကျောင်းသူများ သက်ဆိုင်ရာဘာသာရပ်အလိုက် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

ဝါးခယ်မမြို့နယ်အတွင်း စာစစ်ဌာန (၁၂)ခု၌ ဖြေဆိုရန်စာရင်းပေးသွင်းထားသူ ၂၀၂၅ ဦးရှိပြီး ကျောင်းတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုသူ စုစုပေါင်း ၁၈၇၀ ဦးရှိကာ ပျက်ကွက်သူ ၁၅၅ ဦးရှိကြောင်း၊ ရာခိုင်နှုန်းအနေဖြင့် ၉၂ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

 

ဝါးခယ်မမြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၂)ခုတို့၌ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပညာရေးဝန်ထမ်းအဖွဲ့များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)