ဝါးခယ်မ အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းမှစတင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ပိုက်မိခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းထက်နှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ပြီး အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူ (၂၀၀)ဦးတို့အား မြို့နယ် ကျန်းမာရေးဝန်ထမ်းများက COVID-19 ရောဂါကာကွယ်ဆေး(Sinovac)များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်း အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ဆေးထိုးစုရပ်အား (၁၀)နေရာ သတ်မှတ်ထားရာ အခြေခံပညာ အထက်တန်းကျောင်းများဖြစ်ကြသည့် ဝါးခယ်မ(၁)တွင် (၂၉၇၅) ဦး၊ ကျွန်းကုန်းတွင် (၁၁၂၅)ဦး၊ ကျုံတိုင်တွင် (၉၀၇)ဦး၊ ကျုံမငေးတွင်(၂၁၁၀)ဦး၊ ကြီးနီစုတွင် (၁၃၁၁)ဦး၊ လမ်းသမိုင် ရွာလေးတွင် (၉၄၉)ဦး၊ ငှက်ပျောချောင်းတွင် (၈၆၁)ဦး၊ ပိတ္တာလေးတွင် (၉၆၉)ဦး၊ ရွှေလောင်းတွင် (၂၃၈၇)ဦး၊ အထက်ပေကုန်းတွင် (၇၅၂)ဦး၊ စုစုပေါင်း (၁၄၃၄၆)ဦးဖြစ်ကြောင်းနှင့် အထက်ဌာန၏ ညွှန်ကြားချက်အရ စုရပ်(၁)တွင် စတင်ထိုးနှံပေးခြင်းဖြစ်ပြီး ကျန်စုရပ်များအား ညွှန်ကြားချက်နှင့်အညီ ဆက်လက်ထိုးနှံသွားမည် ဖြစ်ကြောင်း သိရသည်။
စောသန္တာဦး(ဝါးခယ်မ ပြန်/ဆက်)