ဝါးခယ်မ စက်တင်ဘာ ၂၁
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျခဲ့သဖြင့် ရေဘေးလွတ်ရာသို့ ယာယီ ပြောင်းရွှေ့ခဲ့သောဟင်္သာဒုံးကျေးရွာနှင့် အထက်ပေကုန်း ကျေးရွာတို့ရှိ နေအိမ်(၈)လုံးအား ရွှေလောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၉နာရီ ကဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကိုဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဦးစဝီလီဖရန့်၊ မြောင်းမြခရိုင် ဦးစီးမှူးရုံး ဦးစီးအရာရှိ ဒေါ်လဲ့ရည်ချိုနှင့် တာဝန်ရှိသူများက ရွှေ့ပြောင်းခဲ့သည့် နေအိမ်(၈)လုံးအား အိမ်ဆောက်ပစ္စည်းရန်ပုံငွေအဖြစ် (၁)အိမ်လျှင်ငွေကျပ်(၁)သိန်း နှုန်းဖြင့် ငွေကျပ်(၈)သိန်း၊မိသားစုဝင်(၃၉)ဦးအား ဆန်ရိက္ခာအဖြစ်(၁)ဦးလျှင်ငွေကျပ်(၂၁၀၀) နှုန်းဖြင့် ငွေ ကျပ် (၈၁,၉၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၈၈၁,၉၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါသည်။
စောသန္တာဦး(ပြန်/ဆက်)