ဝါးခယ်မ အောက်တိုဘာ ၉

 

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အဖွဲ့များခွဲ၍ အောက်တိုဘာ ၈ ရက်က ကျုံထရံသံဒင်း‌ကျေးရွာအုပ်စု၊ ကြခတ်ကုန်း‌ ကျေးရွာအုပ်စုနှင့်ရွှေတုန်းကျေးရွာအုပ်စုတို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ကျေးရွာ အုပ်စု(၃)စုရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ် အသက် (၁၀)နှစ်ပြည့်(၅၄)ဦး၊ အသက် (၁၈)နှစ်ပြည့်(၇၅)ဦး၊ လဲလှယ်(၄၂)ဦး ၊ မိတ္တူ(၂၅)ဦး၊ စုစုပေါင်း(၁၉၆)ဦးနှင့် ပြောင်းရွှေ့အိမ်ထောင်စု(၂၁)စုအား ဆောင်ရွက်ပေးခဲ့သည်။

 

ဝါးခယ်မမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၉) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၂၆)အုပ်စုရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ကျန်ရှိနေသောဌာနဆိုင်ရာ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအား ဆက်လက် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

 

စောသန္တာဦး(ပြန်/ဆက်)