ဝါးခယ်မ ဇွန် ၅

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ဝါးခယ်မမြို့နယ် မြို့လျှောက်လမ်း ဦးအံ့ကျော်ကွင်းအတွင်း မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီခွဲတွင် သစ်ပင်ပေါင်း (၄၀၀) စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

“သက်ရှိလောက တည်မြဲဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပစေရေးအတွက် ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်နှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားရာနယ်မြေတစ်ခုအဖြစ် ပြုစုပျိုးထောင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်မှ အဖွင့်အမှာစကားပြောကြာပြီး တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ကျွန်း (၁၀၀)ပင်၊ ပျဉ်းကတိုး (၁၀၀)ပင်၊ မန်ဂျန်ရှား (၁၀၀)ပင်နှင့် မဟောဂနီ (၁၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စုစုပေါင်အင်အား (၁၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဟိန်းထက်လင်း (ဝါးခယ်မ ပြန်/ဆက်)