ဝါးခယ်မ ၂၉ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်းရှိ ပညာရေး ဝန်ထမ်းများအား မြို့နယ် ပညာ ရေးမှူး၏ ဦးဆောင်မှုဖြင့် စာသောက်ကုန်ပစ္စည်းများကို ယနေ့မှ စ၍ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် မြတ်ပညာ ငွေစုငွေချေးသမဝါယမအသင်းမှ သိန်း ၁၈၀၊ GEC ပညာ ရေးဝန်ထမ်းများ သမဝါယမ အသင်းမှ ၁၁၅ သိန်း၊ မြတ်ရွှေကျုံရတနာ ငွေစုငွေချေး သမဝါယမအသင်းမှ ၅ သိန်း၊ စုစုပေါင်း သိန်း ၃၀၀ ကို တာဝန်ရှိသူများက ထည့်ဝင် လှူဒါန်း ပေးခဲ့ကြောင်း၊ မြို့နယ်အတွင်း အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းစုစုပေါင်း ၃၄၅ ကျောင်းရှိကြောင်း၊ နေ့စားလုပ်သားအပါအဝင် ဆရာ၊ ဆရာမ စုစုပေါင်း ၃၀၆၂ ဦးအား တစ်ဦးလျင် ဆန် ခြောက်ပြည်နှင့် ဆီ တစ်ပိဿာနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့်အညီ လူစုလူဝေးမဖြစ်စေရေးအတွက် ကျောင်းအုပ်စုအလိုက် ခွဲဝေပေးလျက်ရှိကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


