ဝါးခယ်မ နိုဝင်ဘာ ၁
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ အောက်တိုဘာ ၃၁ ရက်က ထန်းလေးပင်ကျေးရွာအုပ်စုနှင့် မြို့ချောင်းလေးကျေးရွာ အုပ်စုတို့တွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ ကျေးရွာအုပ်စု (၂)အုပ်စုမှရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀)နှစ်ပြည့် (၆၂)ဦး၊ အသက် (၁၈)နှစ်ပြည့် (၄၉)ဦး၊ လဲလှယ် (၄၇)ဦး၊ မိတ္တူ (၄၀)ဦး စုစုပေါင်း (၁၉၈)ဦးနှင့် ပြောင်းရွှေ့အိမ်ထောင်စု (၉)စုတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)


