ဝါးခယ်မ  ၁၅   မေ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်းရှိ မော်တော်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို  မေ ၁၄ ရက် ညနေ ၅ နာရီက ရွှေခယ်ဧရာ အဝေးပြေးဝန်းအတွင်း၌ ပြုလုပ်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများ ယာယီရပ်နားထားရပြီး မော်တော်ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် စားသောက်မှု အဆင်ပြေစေရေးအတွက် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် မြို့နယ်မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ ဦးဆောင်ပြီး အလှူရှင်များ စုပေါင်းကာ ရွှေခယ်ဧရာ အဝေးပြေးဝင်းရှိ မော်တော်ယာဉ်လိုင်းများမှ မော်တော်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၉၀  အား တစ်ဦးလျှင် ဆန် ငါးပြည်၊ ဆီ ၅၀ သား၊ ကြက်သွန်နီ၊ ကြာဇံ၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာ၊ ဟင်းခတ်မှုန့် တို့အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)