ဝါးခယ်မ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကို ကာကွယ်ရန် ယင်နားစာအပါအဝင် မသန့်ရှင်းသော အစားအစာ စားသုံးခြင်းကို ရှောင်ကြဉ်ရန်၊ သောက်ရေသန့် (သို့မဟုတ်) ရေကိုကျိုချက်၍ သောက်ရန်၊ လက်သန့်စင်ရေးနှင့် တကိုယ်ရေသန့်ရှင်းရေး ဂရုပြုရန်၊ ယင်လုံအိမ်သာသုံးစွဲပါ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်၊ ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ပြသရန် စသည်တို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်နီလာဝင်းနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းထက်တို့က ပြင်းထန်ကာလဝမ်းရောဂါအကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)


