ဝါးခယ်မ ၉  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိ မြို့မစျေး ချောင်းမကြီးမှာ အမှိုက်များ၊ နှုန်းများ များပြားလာပြီ ဖြစ်သဖြင့် ယနေ့တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ချောင်းမကြီးအတွင်းရှိ အမှိုက်များ၊ နှုန်းများကို ဆယ်ယူ ရှင်းလင်းလျက်ရှိသည်။ 

      

" ဒီချောင်းက ရေကျော်ရပ်ကွက်တစ်လျှောက် စီးနေတာဖြစ်တယ်။ အခုဆိုရင် အမှိုက်တွေကော နှုန်းတွေကော များလာတဲ့အတွက် ဆယ်ယူရှင်းလင်းပေးတာ ဖြစ်တယ်။ မြို့မစျေး သားငါးတန်းနဲ့လည်း ကပ်လျက်ဖြစ်တဲ့အပြင် ပြည်သူတွေ အနေနဲ့ မသန့်ရှင်းတဲ့ရေကို အသုံးမပြုစေချင်ဘူး။ ပြည်သူတွေ အနေနဲ့ကော စျေးရောင်းစျေးဝယ်တွေ အနေနဲ့ကော မိမိတို့ရဲ့ စွန့်ပစ်အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ကျစေလိုတယ်။ မသိအောင် ဒီချောင်းထဲ သွန်ချတာမျိုး မလုပ်ကြပါနဲ့လို့လဲ တိုက်တွန်းပြောကြားလိုပါတယ်။ စွန့်ပစ်အမှိုက်တွေ မစွန့်ပစ်ကြဖို့လဲ အသိပေး ဗီနိုင်းတွေ ကပ်ထားပေးပါတယ် " ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးအောင်စိုးက ပြောသည်။

 

စျေး ချောင်းမကြီးအား ဆယ်ယူရှင်းလင်းရာတွင် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ ဦးဆောင်ပြီး ဝန်ထမ်းများ၊ ပြင်ပလုပ်သားများ ငှားရမ်း၍ အမှိုက်များ ဆယ်ယူခြင်း၊ နှုန်များအား ရေဖြင့်ထိုးချ ရှင်းလင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)