ဟိုပန် မတ် ၁၉
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ ၁၁၀ ဝင်ရောက်ဖြေဆိုသွားမည် ဖြစ်သည်။
ဟိုပန်မြို့နယ်ရှိ အထက(ဟိုပန်)မှ ကျောင်းသား ကျောင်းသူ ၆၃ ဦး၊ အထက(ခွဲ)ပန်ကောက်မှ ကျောင်းသား ကျောင်းသူ နှစ်ဦးတို့ ရှိပြီး ကျောင်းဖြေ ကျောင်းသား ကျောင်းသူ ၆၅ ဦးနှင့် အပြင်ဖြေ ကျောင်းသား ကျောင်းသူ ၄၅ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၁၀ ဝင်ရောက် ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ဖြစ်ကြောင်း ဟိုပန်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


